သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Latest News - 94919 items

Office of the Auditor General of the Union / Posted on July 31, 2025

Office of the Auditor General of the Union / Posted on July 31, 2025

Ministry of Information / Posted on July 31, 2025
ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း

Ministry of Information / Posted on July 31, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Ministry of Information / Posted on July 31, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on July 31, 2025
မန္တလေးငလျင်ကြီး ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ အဖွဲ့အစည်းများက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် Wowtiger New Energy ကုမ္ပဏီက Portable Power Station အစုံ ၃၀ နှင့် Solar Energy Storage System ကိုးစုံတို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ ထစ်ဖဒုန်းဖောင်အုန်းသီးကုမ္ပဏီ (THEPPADUNGPORN COCO-NUT Co.,Ltd.)က အချိုရည်ဘူး ၁၅၀၀၀ နှင့် Sport Shirt ၁၀၀၄ ထည် တို့ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ Mr. Lin Baoquan က ဂျပန်ယန်း နှစ်သိန်းကိုလည်း ကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ လာရောက်ပေးအပ်လှူဒါန်းသည်။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / May 20, 2025
၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။
၂။ အဆိုပါသင်တန်းသို့ အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
(က) အခြေခံပညာစနစ်သစ် Grade 9 အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ(လူပျို/အပျို)ဖြစ်ရမည်။
(ဃ) သင်တန်းမှချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
၃။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ)အောင်လက်မှတ် ပေးအပ်ချီးမြှင့် မည်ဖြစ်ပါသည်။
၄။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းတွင် (၃)နှစ်သင်တန်း ပြီးဆုံး အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကို သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် သမဝါယမ စာရင်း ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီး မြို့၊ ရှမ်းပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် လျှောက်လွှာများဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ (၁၅-၆-၂၀၂၅) ရက်နေ့ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် -
ရုံးချုပ် - ၀၆၇-၃၄၁၀၃၄၃
မကွေး - ၀၉-၂၅၄၄၁၂၃၃၈ ၊ ၀၉-၆၉၁၉၀၅၃၂၁
မန္တလေး - ၀၉-၄၂၀၇၀၁၆၃၄၊ ၀၉-၆၉၂၂၈၈၆၄၃၊ ၀၉-၂၁၁၀၆၄၉၊
၀၉-၆၆၅၆၉၁၉၁၈
တောင်ကြီး - ၀၈၁- ၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃၊ ၀၉- ၄၂၅၅၆၀၀၅၄
မော်လမြိုင် - ၀၉-၄၂၅၂၈၈၇၃၅၊ ၀၉- ၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊
၀၉-၄၂၅၂၆၇၀၀၈
ပုသိမ် - ၀၄၂-၂၉၀၀၃၊ ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၇၆၉၂၃၂၄၅၇၊ ၀၉-၄၅၁၀၈၉၄၀၄၊ ၀၉-၇၇၂၆၀၂၉၂၇သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Download