သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

Latest News - 96448 items

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

Ministry of Information / Posted on September 02, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 02, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

Ministry of Information / Posted on September 02, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များနှင့် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng နှင့် တွေ့ဆုံဆွေးနွေး

Ministry of Information / Posted on September 02, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နေလည် ၁၂ နာရီတွင် ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ H.E. Mr. Han Zheng နှင့် တွေ့ဆုံဆွေးနွေးသည်။

နောက်ဆက်တွဲမြေငလျင်သတင်း

Ministry of Transport and Communications / Posted on September 02, 2025

နောက်ဆက်တွဲမြေငလျင်သတင်း

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 02, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Posted on Aug 30, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / August 26, 2025


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

၁။       ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် စီးပွားရေးသိပ္ပံဘွဲ့သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)နှစ် ဖြစ်ပါသည်။

၂။       အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။

၃။       သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများ/ အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

၄။       လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-    

          (က)    တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း

          (ခ)     အမှတ်စာရင်းမူရင်း

          (ဂ)     ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ       

         (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၅။       ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတဆင့်ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားရမည်။

၆။       လျှောက်လွှာနှင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် ၂၈.၈.၂၀၂၅ ရက် (ကြာသပတေးနေ့)မှ ၂၄.၁၀.၂၀၂၅ ရက် (သောကြာနေ့)ထိ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပါသည်။

၇။      တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Website https://ucms.edu.mm  နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၈။      အသေးစိတ်အချက်အလက်များကို ဝန်ကြီးရုံး website https://mcrd.gov.mm ၊ ဤတက္ကသိုလ်၏ Website https://ucms.edu.mm နှင့် Facebook Page: University of  Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် 09-43045173 , 09-400451795 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)