သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ နေပြည်တော်၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Latest News - 96799 items

Ministry of Information / Posted on September 09, 2025
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

Ministry of Information / Posted on September 09, 2025
ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

Ministry of Transport and Communications / Posted on September 09, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Office of the Auditor General of the Union / Posted on September 09, 2025

Ministry of Transport and Communications / Posted on September 09, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
Office of the Auditor General of the Union / Posted on September 09, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Posted on Sep 08, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 07, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ နေပြည်တော်၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / September 08, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမဦးစီးဌာန
နေပြည်တော်
အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်(ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၊ မြို့နယ်ရုံး၊ သင်တန်းကျောင်း)နှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
စဉ် |
ရာထူး/လစာနှုန်း |
နေရာ |
ပညာအရည်အချင်း |
(က) |
အငယ်တန်းစာရေး (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) |
၂၁၀ |
တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ (ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ) |
(ခ ) |
ယာဉ်မောင်း(၅)/ ယာဉ်မောင်းစက်ပြင်(၅) (၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ) |
၇ |
အခြေခံပညာမူလတန်းအဆင့်ရှိသူ (ယာဉ်မောင်း"ခ"လိုင်စင်ရှိပြီး ယာဉ်ကိုကျွမ်းကျင်စွာမောင်းနှင်နိုင်သူ) |
(ဂ ) |
ရုံးအကူ (၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ) |
၇၇ |
သမဝါယမဦးစီးဌာနနှင့် ကောလိပ် အတွက်လျှောက်ထားသူများမှာ အခြေခံ ပညာအထက်တန်းအောင်နှင့်အထက်၊ သင်တန်းကျောင်းများအတွက်လျှောက်ထားသူများမှာ အခြေခံပညာအလယ်တန်း အောင်မြင်သူ |
(ဃ) |
အစောင့် (၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ) |
၁၄ |
အခြေခံပညာမူလတန်းအဆင့်ရှိသူ |
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ ) (၁၇-၁၀-၂၀၂၅)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။
(င ) ဒေသခံများအား ဦးစားပေးစဉ်းစားမည်။ ဝေးလံသောဒေသများနှင့် သမဝါယမဦးစီး ဌာနနှင့်ကောလိပ်များမှ လက်ရှိနေ့စားဝန်ထမ်းများဖြစ်ပါက အသက်ကန့်သတ်ချက် အား လျှော့ပေါ့စဉ်းစားပေးမည်။
(စ ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။
(ဆ) အငယ်တန်းစာရေးရာထူးအတွက် လျှောက်ထားလာသူများတွင် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသူများအနေဖြင့် ဝန်ထမ်းစည်းကမ်း ဆိုင်ရာပြစ်ဒဏ်တစ်မျိုးမျိုးကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာ တွင် ထည့်သွင်းဖော်ပြလျှောက်ထားရမည်။
၃။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုး၍)ပူးတွဲတင်ပြရမည် -
(က) ကိုယ်ရေးလျှောက်လွှာ
(ခ ) ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
(ဂ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဃ) အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ယာဉ်မောင်း-၅/ ယာဉ်မောင်းစက်ပြင်-၅ ရာထူးအတွက် သက်ဆိုင်ရာအခြေခံပညာအထက်တန်း ကျောင်း၏ ထောက်ခံချက်လက်မှတ်မိတ္တူနှင့်ယာဉ်မောင်းလိုင်စင်မိတ္တူ၊ အစောင့် ရာထူးအတွက် သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်း၏ ထောက်ခံချက် လက်မှတ်မိတ္တူ
(င ) (၂)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ(၂)ပုံ(ဓါတ်ပုံကျောဘက်တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးအမှတ်ရေးသားရန်)
(စ ) ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
(ဇ ) အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ(သက်တမ်းတိုးပြီး)
(ဈ ) ကျန်းမာကြောင်းဆေးထောက်ခံစာ [လွန်ခဲ့သော (၁)ပတ်အတွင်း]
(ည) တာဝန်ကျရာ မည်သည့်ဒေသတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်
၄။ လျှောက်လွှာများကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာနရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)သို့(၁၀-၁၀-၂၀၂၅)ရက်နေ့နောက်ဆုံး ထား၍ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်သော၊ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၅။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်) သို့(၁၇-၁၀-၂၀၂၅)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။ [ ကြိုတင်လျှောက်လွှာ (၁)စောင်ကို ရေးဖြေ ဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။ ]
၆။ အငယ်တန်းစာရေးရာထူးအတွက် လျှောက်ထားသူများမှ အရည်အချင်းပြည့်မီသူများ အား ရေးဖြေ(မြန်မာစာ၊ အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတဘာသာရပ်)နှင့် လူတွေ့စစ်ဆေးခြင်းကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာန ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တွင်ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုလိုသည့်နေရာအား လျှောက်လွှာတွင် ထင်ရှားစွာရေးသားဖော်ပြရန်နှင့် ဖြေဆိုရမည့်နေ့ရက်အား ကြိုတင်အကြောင်းကြား သွားမည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သူများကို လူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၇။ ရုံးအကူ/အစောင့်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း၊ ယာဉ်မောင်း-၅/ ယာဉ်မောင်းစက်ပြင်-၅ ရာထူးအတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ကိုလည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဖြေဆိုရမည့်နေ့ရက်အား ကြိုတင်အကြောင်းကြား သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာတွင်ဖော်ပြချက်များနှင့် အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီးစေကာမူ ထုတ်ပယ်ခြင်းခံရမည်။
၉။ အသေးစိတ်သိရှိလိုပါက သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၁၆)၊ နေပြည်တော် (တယ်လီဖုန်း အမှတ်-၀၆၇-၃၄၁၀၃၃၆)နှင့်လျှောက်လွှာတင်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သမဝါယမဦးစီးဌာန(ရုံးချုပ်)