သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း
Latest News - 98529 items

Ministry of Information / Posted on October 16, 2025
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားသည်။

Ministry of Information / Posted on October 16, 2025
တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter-Terrorism Operation)များကိုဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင်လည်းကောင်း၊ ကျောက်မဲမြို့အား အောက်တိုဘာ ၁ ရက်တွင်လည်းကောင်း တပ်မတော်ကအပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ဒေသခံပြည်သူများက အတူတကွပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Ministry of Information / Posted on October 16, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ကျောင်းသား၊ကျောင်းသူများ အမြန်ဆုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ပူးပေါင်း၍ အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၈ ရက်တွင်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းကို အောက်တိုဘာ ၁၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း ၄ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Ministry of Information / Posted on October 16, 2025
တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေးအပ်ခြင်း

Ministry of Transport and Communications / Posted on October 16, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 16, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Posted on Oct 16, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 15, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
Posted on Oct 14, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
Posted on Oct 12, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 12, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
Posted on Oct 11, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / October 13, 2025
၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ Master of Development Studies (MDevS) နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာမဟာဘွဲ့၊ Master of Financial Management (MFM) တို့၏ First Batch သင်တန်းများကို Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
၂။ အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူ မဖြစ်စေရ။
(ဂ) ဝန်ထမ်းဖြစ်ပါက သင်တန်းသို့တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဌာနအကြီးအကဲ၏
ထောက်ခံစာ ပါရမည်။
(ဃ) သတ်မှတ်ထားသော သင်ရိုးနှင့်အညီ အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
(င) Online သင်တန်းဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများ ကောင်းစွာအသုံးပြုနိုင်သူ
ဖြစ်ရမည်။
(စ) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)က ကျင်းပသည့် ဝင်ခွင့်စာမေးပွဲကို
ဖြေဆိုအောင်မြင်ရမည်။
မှတ်ချက်။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၌ အနည်းဆုံး လုပ်သက်(၃)နှစ်ရှိပြီး အရည်အသွေးပြည့်မီသူများကို ဦးစားပေးရွေးချယ်သွားမည်။
၃။ သင်တန်းနှင့် သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထားလိုသည့် သင်တန်း၏ Online မှဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနမှ လူကိုယ်တိုင်ဖြစ်စေ ၁၅.၁၀.၂၀၂၅ ရက်မှ စတင်၍ ထုတ်ယူနိုင်ပြီး (၁၆.၁၁.၂၀၂၅) ရက် နောက်ဆုံး ထား၍ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသည့်အခါ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံစွာပါရှိရမည်-
(က) ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
(ဂ) နိုင်ငံသားစိစစ်ရေးကတ်
(ဃ) ပညာအရည်အချင်း ထောက်ခံချက်နှင့်လုပ်ငန်းအတွေ့အကြုံ လုပ်ဆောင်ချက်
(င) ပတ်(စ်)ပို့ ဓာတ်ပုံ (၄) ပုံ
မှတ်ချက်။ ပူးတွဲပါစာရွက်စာတမ်းများသည် မူရင်းကို Scan ဖတ်ထားသော မိတ္တူများဖြစ်ပြီး Email (သို့မဟုတ်) Viber ဖြင့် ပေးပို့ရမည်။
၄။ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၂.၁၁.၂၀၂၅ရက် (စနေနေ့)တွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ Online မှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ၂၇.၁၁.၂၀၂၅ ရက် တွင် ထုတ်ပြန်ပါမည်။
၅။ သင်တန်းများကို အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပါသည်။
၆။ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် Email အီးမေးလ်များ-
(က) MDevS သင်တန်းအတွက် ဘောဂဗေဒဌာန၊ ဖုန်း-၀၇၂-၂၀၂၃၀၂၂၊ ၀၉-၇၇၈၁၈၆၇၄၈၊ Email– ecodeptucms@gmail.com
သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉-၄၃၀၄၅၁၇၃၊ ၀၇၂-၂၀၂၃၁၀၅၊
Email- ucmsexam22@gmail.com
(ခ) MFM သင်တန်းအတွက် ဝါဏိဇ္ဇဗေဒဌာန၊ ဖုန်း-၀၉-၇၇၅၄၈၀၅၃၇၊ ၀၉-၆၈၃၀၅၉၅၉၅၊ Email- commercedepartment23.ucms@gmail.com
သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉-၄၃၀၄၅၁၇၃၊ ၀၇၂-၂၀၂၃၁၀၅၊
Email- ucmsexam22@gmail.com
၇။ အသေးစိတ်သိရှိလိုပါက http://studyonline.ucms.edu.mm/ နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
၈။ သင်တန်းသားဦးရေ ကန့်သတ်ထားရှိပါသည်။
ဌာနမှူး၊ သင်တန်းရေးရာဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)