သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Latest News - 103706 items
Ministry of Information / Posted on January 26, 2026
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ စစ်တွေမြို့ ဆေးသမားကြီးကျေးရွာနေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။
Ministry of Information / Posted on January 26, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ ဆက်လက်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှ စတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။
Ministry of Information / Posted on January 26, 2026
နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ တာဝန်ရှိသူများသည် ယနေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေသည့် ရန်ကုန်မြို့ရှိ မဲရုံများသို့ သွားရောက်၍ မဲရုံမှူးများ၊ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးလေ့လာစောင့်ကြည့်မှုများ ပြုလုပ်ကြသည်။
Ministry of Information / Posted on January 26, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြန်မာနိုင်ငံရှိ မြို့နယ် ၆၁ မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပရာ မြို့နယ်များဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။
Ministry of Information / Posted on January 26, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နှင့် ရွေးကောက်ပွဲအပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တို့တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။
Ministry of Information / Posted on January 26, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုထိပါးစေပြီး နိုင်ငံတကာအမြင်တွင် အထင်အမြင်လွဲမှားစေသည့် လုပ်ကြံစွပ်စွဲမှုများအား ကန့်ကွက်ရှုတ်ချအပ်ပါသည်။
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / January 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမဦးစီးဌာန
နေပြည်တော်
အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်(ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၊ မြို့နယ်ရုံး၊ သင်တန်းကျောင်း)တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်-
|
စဉ် |
ရာထူး/လစာနှုန်း |
နေရာ |
ပညာအရည်အချင်း |
|
(က) |
အငယ်တန်းစာရေး (၁၈၀၀၀ဝိ-၂၀၀၀-၁၉၀၀၀ဝိ) |
(၉၆) |
တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ (ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ) |
|
( ခ) |
ယာဉ်မောင်း(၅) (၁၆၂၀၀ဝိ-၂၀၀၀-၁၇၂၀၀ဝိ) |
(၄) |
အခြေခံပညာမူလတန်းအဆင့်ရှိသူ (ယာဉ်မောင်း"ခ"လိုင်စင်ရှိပြီး ယာဉ်ကိုကျွမ်းကျင်စွာမောင်းနှင်နိုင်သူ) |
|
( ဂ) |
ရုံးအကူ (၁၄၄၀၀ဝိ-၂၀၀၀-၁၅၄၀၀ဝိ) |
(၁၂) |
သမဝါယမဦးစီးဌာနအတွက်လျှောက်ထား သူများမှာ အခြေခံပညာအထက်တန်း အောင်နှင့်အထက်ရှိသူ၊ သင်တန်းကျောင်း အတွက်လျှောက်ထားသူများမှာ အခြေခံပညာ အလယ်တန်းအောင်မြင်သူ |
|
(ဃ) |
အစောင့် (၁၄၄၀၀ဝိ-၂၀၀၀-၁၅၄၀၀ဝိ) |
(၅) |
အခြေခံပညာမူလတန်းအဆင့်ရှိသူ |
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ) (၃၁-၁-၂၀၂၆)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက် (၄၀)နှစ်ထက်မကျော် လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။
( င) ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါက ဌာန၏နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ မိတ္တူတင်ပြရမည်ဖြစ်ပြီး အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)ခံရသူများအနေဖြင့် လျှောက်ထားခွင့်မရှိပါ။
( စ) တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့်နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများ အနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်တစ်မျိုးမျိုးကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ် အမျိုးအစားကို လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်။
၃။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုး၍) ပူးတွဲတင်ပြရမည် -
(က) ကိုယ်ရေးလျှောက်လွှာ
( ခ) ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဃ) အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ယာဉ်မောင်း-၅ ရာထူးအတွက် သက်ဆိုင်ရာ အခြေခံပညာ
အထက်တန်းကျောင်း၏ ထောက်ခံချက် လက်မှတ်မိတ္တူနှင့် ယာဉ်မောင်းလိုင်စင်မိတ္တူ၊ အစောင့်ရာထူးအတွက် သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၏ ထောက်ခံချက်လက်မှတ်မိတ္တူ
( င) (၂)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ(၂)ပုံ (ဓါတ်ပုံကျောဘက် တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)
( စ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်းနှင့်အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ကိုယ်တိုင်ကတိဝန်ခံချက်၊
( ဇ) အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (သက်တမ်းတိုးပြီး)
(ဈ) ကျန်းမာကြောင်းဆေးထောက်ခံစာ [လွန်ခဲ့သော (၁)ပတ်အတွင်း]
(ည) တာဝန်ကျရာ မည်သည့်ဒေသတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်နှင့် ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိ
၄။ လျှောက်လွှာကို သမဝါယမဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများသို့ (၁၁-၂-၂၀၂၆)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက် ထက်ကျော်လွန်သော၊ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၅။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)သို့ (၁၁-၂-၂၀၂၆)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။ [ ကြိုတင်လျှောက်လွှာ(၁) စောင်ကို ရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။ ]
၆။ အငယ်တန်းစာရေးရာထူးအတွက် ရေးဖြေစာမေးပွဲကို ၎င်းတို့လျှောက်လွှာပေးပို့ခဲ့သည့် သမဝါယမဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနရုံးများတွင် ဖြေဆိုရမည် ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားကို (၁၉-၂-၂၀၂၆)ရက်နေ့မှ (၂၀-၂-၂၀၂၆)ရက်နေ့ထိ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကို (၂၃-၂-၂၀၂၆)ရက်နေ့တွင် (၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီထိ မြန်မာစာနှင့် (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ (၂၄-၂-၂၀၂၆)ရက်နေ့တွင် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီထိ သုတရေးရာဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။
၇။ ရုံးအကူ/အစောင့်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကို (၂၆-၂-၂၀၂၆)ရက်နေ့တွင် လည်းကောင်း၊ ယာဉ်မောင်း-၅ ရာထူးအတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းကို (၂၇-၂-၂၀၂၆)ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာတွင် ဖော်ပြချက်များနှင့်အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီးစေကာမူ ထုတ်ပယ်ခြင်းခံရမည်။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားလာရောက်ထုတ်ယူချိန်နှင့်ကျန်ရာထူးများအတွက် လက်တွေ့နှင့်လူတွေ့စစ်ဆေးခြင်း ဖြေဆိုရန် သတင်းပေးပို့ချိန်တွင် လျှောက်လွှာနှင့် ပူးတွဲတင်ပြခဲ့သည့် အထောက်အထားမူရင်းများ ကို တစ်ပါတည်းယူဆောင်လာရမည်။
၉။ အသေးစိတ်သိရှိလိုပါက သမဝါယမဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၁၆)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်-၀၆၇-၃၄၁၀၃၃၆)၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာန ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သမဝါယမဦးစီးဌာန(ရုံးချုပ်)
