အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါကြောင်း နှိုးဆော်ခြင်း
Latest News - 109507 items
Myanmar National Human Rights Commission / Posted on June 09, 2026
Ministry of Home Affairs / Posted on June 09, 2026
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ...............................................
Ministry of Information / Posted on June 09, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on June 09, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Home Affairs / Posted on June 09, 2026
Terrorists groups are carrying out attacks by firing heavy and small weapons into towns and villages where innocent civilians, who are not military targets, reside, with the aim of destabilizing......................................................
Ministry of Home Affairs / Posted on June 09, 2026
Terrorists groups are carrying out attacks by firing heavy and small weapons into towns and villages where innocent civilians, who are not military targets, reside, with the aim of destabilizing..................................................
အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါကြောင်း နှိုးဆော်ခြင်း
Ministry of Information/ Naypyitaw / August 07, 2024
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ်သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၂။ စက်တင်ပုံနှိပ်ပြီး ကျမ်းစာအုပ်မှာ ၂ အုပ်၊ ပုံနှိပ်ဆဲမှာ ၆ အုပ်၊ စာသားများစစ်ဆေးဆဲမှာ ၁၇ အုပ်၊ စာမူပြုစုဆဲမှာ ၆ အုပ်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျမ်းစာအုပ်မှာ ၂၀ အုပ် ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အလှူရှင်များအနေဖြင့် ကျမ်းစာအုပ်တစ်အုပ်လျှင် ငွေကျပ် ၃၀၀၀၀/- (ကျပ်သုံးသောင်း)နှုန်းဖြင့် မိမိတတ်နိုင်သည့် စာအုပ်အရေအတွက်အတိုင်း ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါသည်။
၄။ လှူဒါန်းလိုပါက ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဖုန်း-၀၆၇၃၄၀၆၂၇၆၊ ၀၉- ၄၂၀၇၀၁၄၆၃၊ ဦးကျော်လွင်(ညွှန်ကြားရေးမှူး)၊ သာသနာရေးဦးစီးဌာန၊ ဖုန်း-၀၆၇ ၃၄၀၆၂၃၂၊ ၀၉- ၄၀၀၅၁၆၇၇၇၊ ဦးကျော်မိုး (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဖုန်း-၀၁ ၈၆၆၁၂၇၅၊ ၀၉-၄၀၂၁၈၈၂၁၄၊ ဦးဝင်းသိန်းထွန်း (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ဖုန်း- ၀၂ ၄၀၆၁၁၁၂၊ ၀၉-၄၂၁၀၀၀၈၄၈၊ ဦးဇော်ဦး(ညွှန်ကြားရေးမှူး)၊ ရန်ကုန် တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း-၀၁ ၆၅၁၂၀၉၊ ၀၉- ၂၀၃၈၅၆၃၊ ဦးကျော်လှိုင်(ညွှန်ကြားရေးမှူး)၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၂ ၄၀၃၆၃၁၂၊ ၀၉-၂၆၃၉၉၉၀၀၁ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
