အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

နောက်ဆုံးရသတင်းများ - ၇၅၉၅၄ ခု

ရွက်လှေအားကစားနည်းက လူနည်းစုအားကစားနည်းလည်းဖြစ်နေတော့ ရွက်လှေအားကစားနည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်ပြီးကြိုးစားသွားမယ်၊ ရွက်လှေအားကစားကို စိတ်ဝင်စားရင် စမ်းသပ်စီးနင်းကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2024

၁၉၂၄ ခုနှစ်မှ စတင်ခဲ့​သော ရန်ကုန်ရွက်လှေအသင်းနှင့်အတူ ပေါ်ပေါက်လာသည့် မြန်မာ့ရွက်လှေအားကစားသည် ယခု ၂၀၂၄ ခုနှစ်တွင် နှစ် ၁၀၀ (ရာပြည့်ကာလ) သို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်၊ မိုင်းဆတ်အကျဉ်းထောင်၊ ကျိုင်းတုံဘိုးဘွားရိပ်သာ၊ တာချီလိတ်ဘိုးဘွားရိပ်သာနှင့် ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွားရိပ်သာကို မေ ၁၄ ရက်တွင် လည်းကောင်း၊ ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းနှင့် ကျိုင်းတုံအကျဉ်းထောင်ကို မေ ၁၅ ရက်တွင်လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်အချုပ်ထောင်ကို မေ ၁၆ ရက်တွင် လည်းကောင်း၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်ကို မေ ၁၇ ရက်တွင် လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာကို မေ ၁၈ ရက်တွင်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပုသိမ်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သော နွေရာသီ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ ပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2024

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ရှိ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများနှင့် ရလဒ်များ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2024

မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ၂၀၂၄ ခုနှစ် အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ရှိ ရန်ကုန်ရွက်လှေအသင်း၌ ကျင်းပသည်။

စက္ကူစက်ရုံ (ရေနီ) အသေးစားစက္ကူစက်ဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်၊ တန် (၂၀) ထုပ်ပိုးစက္ကူစက်ရုံ လည်ပတ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) သို့ ရောက်ရှိပြီး စက်ရုံဓာတ်ခွဲခန်း၌ အသေးစားစက္ကူစက်ဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်နေမှု၊ တန် (၂၀) ထုပ်ပိုးစက္ကူစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း၊ စက်အရန်ပစ္စည်း၊ အခြားသွင်းအားစုများကိုလည်း ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ ဝန်ထမ်းများကို ခေတ်မီစက္ကူထုတ်လုပ်သည့် နည်းပညာများရရှိရေးအတွက် ဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပေးရန် မှာကြားသည်။


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2024
image


နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် အောက်ဖော်ပြပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

(၁) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ အနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ၊

(၂) ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ၊

(၃) ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန်လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ၊ အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ၊

(၄) အလင်းပြန်သောအဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ၊

(၅) နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ၊

(၆) အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီးဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ၊

(၇) ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင်သောက်သုံးပါ၊

(၈) မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ၊

(၉) အပူဒဏ်အန္တရာယ်ခံစားရသောလူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များသောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊လည်ပင်း၊ ချိုင်းကြား(၂)ဖက်နှင့်ပေါင်ခြံ(၂)ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်းစသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။

ကျန်းမာရေးဝန်ကြီးဌာန

HOT NEWS
January 4,