အမည်မည်းစာရင်းကြေညာခြင်း

Latest News - 93428 items

အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ

Ministry of Science and Technology / Posted on July 01, 2025

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ် ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ် (EV)ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၂၇ နံနက် ၉ နာရီ၌ ရန်ကုန်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပပြုလုပ်သည့် EV နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရန်ကုန်မြို့ရှိ မြန်မာမှုအနုပညာဗဟိုဌာန တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on July 01, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အကျယ်အဝန်း ၇ ဒသမ ၄၁ ဧက ပေါ်၌ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (Myanmar Arts Center) တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ Myanmar Land and Development Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director က လုပ်ငန်းခုနစ်ခု၏ဆောင်ရွက်မှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံပညာကျောင်းများ၌ အခြေခံပညာရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြား

Ministry of Information / Posted on July 01, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

အမည်မည်းစာရင်းကြေညာခြင်း


Ministry of Information/ Naypyitaw / July 01, 2025
image


၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။

၂။       နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။      ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၄။      (၂၃-၆-၂ဝ၂၅) ရက်နေ့ စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၂၇-၆-၂ဝ၂၅)