အများပြည်သူသို့ အသိပေးကြေညာချက်
Latest News - 90199 items

Ministry of Transport and Communications / Posted on April 27, 2025
နောက်ဆက်တွဲမြေငလျင်သတင်းများ

Ministry of Information / Posted on April 27, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅ / ၂၀၂၅

Ministry of Information / Posted on April 27, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Information / Posted on April 27, 2025
တပ်မတော်တွင် နဝမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု(တတိယနေ့)ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ရာ အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဦးကျော်စောအောင် နှင့် အသည်းအလှူရှင် ကိုလင်းထက်အောင် တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

Ministry of Information / Posted on April 27, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH I NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

Ministry of Transport and Communications / Posted on April 27, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / April 27, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်