အသိပေးကြေညာခြင်း
Latest News - 78188 items
![](https://www.moi.gov.mm/sites/default/files/default_images/default_1.jpg)
Ministry of Information / Posted on July 08, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ချင်းတောင်မြို့ရှိ ချင်းတောင်-SCO ပုလဲအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာ (Pearl of SCO International Expo Center) နှင့် China Transfer (SCO) အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိပ်ကမ်းစီမံကိန်း (China Transfer (SCO) International Logistic Port Project) များသို့ သွားရောက်လှည့်လည်ကြည့်ရှုလေ့လာသည်။
![](https://www.moi.gov.mm/sites/default/files/news-image/2024-07/2_2.jpg)
Ministry of Information / Posted on July 08, 2024
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဇူလိုင် ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး တနိုင်းမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ယခုအခါမြစ်ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်ရှိ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ယနေ့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍စာသင်တိုက်အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းဆောင်များအတွင်း ကျန်ရှိနေသော နှုံးများ၊ သဲများနှင့် အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ပေးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကြသည်။
![](https://www.moi.gov.mm/sites/default/files/news-image/2024-07/2_1.jpg)
Ministry of Information / Posted on July 08, 2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က ဇူလိုင် ၄ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
![](https://www.moi.gov.mm/sites/default/files/default_images/default_1.jpg)
Ministry of Information / Posted on July 08, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
![](https://www.moi.gov.mm/sites/default/files/default_images/default_1.jpg)
Ministry of Information / Posted on July 08, 2024
နေပြည်တော် ဇူလိုင် ၈ မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့်နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန်နှစ်တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရသည်။ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။
![](https://www.moi.gov.mm/sites/default/files/default_images/default_1.jpg)
Ministry of Information / Posted on July 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူသမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ Qingdao International Conference Center ၌ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / July 08, 2024
အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
နေပြည်တော်