၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

Latest News - 68664 items

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြား

Ministry of Information / Posted on December 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး

Ministry of Information / Posted on December 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

စပါးတစ်ဧကအတွက် နှမ်းတစ်ဧက

Ministry of Information / Posted on December 11, 2023

စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာများ ပိုမိုသုံးစွဲလာစေရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးသီးနှံများ အာဟာရဓာတ်ရရှိစေရန် ဓာတ်မြေဩဇာများ သုံးစွဲကြရာတွင် လိုသည်ထက်ပို၍သုံးစွဲခြင်း၊ သုံးစွဲမှုအချိုးအစား ညီမျှမှုမရှိခြင်းတို့ကြောင့် စိုက်ပျိုးမြေများတွင် ဓာတုညစ်ညမ်းမှု၊ မြေဆီလွှာပျက်စီးမှုစသော ဆိုးကျိုးများဖြစ်ပေါ် လာနိုင်သည်။ သဘာဝမြေဩဇာများသုံးစွဲရာတွင်မူ အဆိုပါဆိုးကျိုးများကို ရှောင်ရှားနိုင်သည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်းကြောင့် စရိတ်ကုန်ကျမှုကိုလည်း သက်သာနိုင်စေသည်။

စိုက်ပျိုးထုတ်ကုန်မြင့်မား နိုင်ငံ့စီးပွားမြှင့်တင်

Ministry of Information / Posted on December 11, 2023

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ကိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများ နိုင်ငံတစ်ဝန်းတွင်ရှိသည်။ ယင်းကိုအခြေခံ၍ အားကြိုးမာန်တက် မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ကြပါက ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဈေးလုံး မီးလောင်ခဲ့သည်ဟု မဟုတ်မမှန်သတင်းအမှားဖြန့်ဝေ

Ministry of Information / Posted on December 10, 2023

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအတွင်းသို့ ယနေ့နံနက်ပိုင်းက တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

နေ့စဉ်မိုးလေဝသသတင်း 

Ministry of Transport and Communications / Posted on December 10, 2023

နေ့စဉ်မိုးလေဝသသတင်း 

Newspapers Explore more >

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။


Posted on Dec 11, 2023

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Dec 10, 2023

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။


Posted on Dec 09, 2023

Information Sheet (6-12-2023) / Burmese (Myanmar Version)


Posted on Dec 08, 2023

Information Sheet (6-12-2023) / English Version


Posted on Dec 08, 2023

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


Posted on Dec 08, 2023

၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ


Ministry of Information/ Naypyitaw / November 21, 2023
image


နေပြည်တော် နိုဝင်ဘာ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။

ဆုများရရှိ

ဝတ္ထုရှည်ဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူ၏ တောင်ဇလပ်ပန်းတို့လန်းပါစေ၊ ဒုတိယဆုကို ရဲမင်းစိုး၏ အဖေ့အရိပ်များ၊ တတိယဆုကို ဝတ်ရည်ခင်(ပဲခူး)၏ ဝတ်မှုန်ကူးချိန်စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို တင်တော်၏ “တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ”နှင့် ဝတ္တုတိုများစုစည်းမှု၊ ဒုတိယဆုကို နိုင်မျိုးသစ္စာ(နမ္မတူ)၏ ကမ္ဘာဆုံးတိုင်မုန်းနေမည်ဝတ္တုတိုများ၊ တတိယဆုကို မင်းလပြည့်(ဟားခါး)၏ နွံထဲကပန်းရွှေကြာနှင့် အခြားဝတ္တုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဘုန်းမြင့်ချို (သာယာဝတီ)၏ ပိုးကိုက်ရာကင်း ပန်းတစ်ခင်းကဗျာများ၊ ဒုတိယဆုကို လုလင်(မှော်ဝန်းမြေ)၏ ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ၊ တတိယဆုကို မြတ်ဘုန်း(တပ်ကုန်း)၏ နှလုံးလှအမေရဲ့ဇာတ်စင်နှင့်အခြားကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင်ပထမဆုကို ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)၏ မြို့တည် နန်းတည်ကေတုမတီ(တောင်ငူ)၊ ဒုတိယဆုကို မောင်မောင်ချစ်ဦး(မုံရွာ)၏ မြန်မာ့မြေပေါ်မှ ပြည်ပစစ်သင်္ချိုင်းများ၏ သမိုင်းပုံရိပ်များ၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ဒုတိယဆုကို မခင်ကြီးမောင်(သတ္တဗေဒ)၏ ငှက်သဘာဝထိန်းသိမ်းကြ သာစွဌာနေတို့မြန်ပြည်၊ တတိယဆုကို လှဆန်း(စိုက်ပညာရှင်)၏ စပျစ်စိုက်ပျိုးထုတ်လုပ်မှု နည်းပညာနှင့် သတင်းအချက်အလက်များ ကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို နေဇင်(ပေါက်ခေါင်း)၏ မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း၊ ဒုတိယဆုကို အောင်ဘ(အုတ်ဖို)၏ လူဆိုးပြေးတော့ လူကောင်းရောက်ပြီ၊ တတိယဆုကို မျိုးမြင့်ကြိုင်(သင်)၏ အမ်းမြို့သို့ရက်ပေါင်း(၁၀၀)နှင့် အမြင်အတွေးများဖြင့် ခရီးသွားခြင်းစာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ပထမဆုကို စောပုလဲမယ်၏ ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ၊ ဒုတိယဆုကို တင့်ထွန်း(ချောက်)၏ သားကလှေယာဉ် ဖခင်လှေမှူး၊ တတိယဆုကို ကွမ်ဆာသန်းနိုင်(ကတူး)၏ နာမည်မှည့်ခေါ်ပုံစနစ်များ စာမူများကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို သက်ဦးခင်၏ မြန်မာ့ရတနာကလေးကဗျာများ၊ ဒုတိယဆုကို အင်ကြင်းမေ၏ ပန်းကလေးများ ပွင့်တော့မည်နှင့်ကလေးကဗျာများ၊ တတိယဆုကို ခိုင်ချစ်အောင်၏ ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ စာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို ဆောင်းချစ်၏ ချယ်ရီလက်ဆောင် ပန်းလက်ဆောင်၊ ဒုတိယဆုကို နိုက်၏ပေးချင်တဲ့ အမွေနှင့်အခြားစာစုများ၊ တတိယဆုကို ယဉ်မင်း(ပန်းတောင်း)၏ ရွှေရနံ့နှင့် အခြားလူငယ်ဝတ္တုတိုများစာမူများက လည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် တတိယဆုကို ခင်ဧ(စက်မှု)၏ သူ့ကျွန်မခံလိုကြသူများ စာမူက လည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)၏ ခိုင်ရွှေညှာနွဲ့ မာလာမှုန် စာမူကလည်းကောင်း၊ ဘာသာပြန်စာပေဆုတွင် သုတေသီမောင်ဟန်၏ ရာသီဥတုပြောင်းလဲမှု စာမူကလည်းကောင်း၊ အင်္ဂလိပ်စာပေဆုတွင် ပထမဆုကို Khin Maung Myint ၏ Memoirs of an Old Sailor စာမူကလည်းကောင်း ရရှိကြသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်

စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၂ ခုနှစ် ပြိုင်ပွဲသို့တင်သွင်းလာသော စာမူ ၂၇၇ စောင်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ရုံးအဖွဲ့တယ်လီဖုန်းအမှတ် ၀၁-၃၈၇၇၂၄ နှင့် စီမံရေးရာဌာန ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅ x ၇)လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း)ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ဆုများကို ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆို တော်နေ့)၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂ဝ၂၃ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။

သတင်းစဉ်

HOT NEWS
January 4,