၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ
Latest News - 90775 items


Ministry of Information / Posted on May 10, 2025
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း၊ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Transport and Communications / Posted on May 10, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on May 10, 2025
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

Ministry of Information / Posted on May 10, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေး ပါတီတည်ထောင်လိုသော လီရှောအမျိုးသားပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။

Ministry of Information / Posted on May 10, 2025
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၂၁/၂၀၂၄) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ
Ministry of Information/ Naypyitaw / November 21, 2023

နေပြည်တော် နိုဝင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာသန်းဦး(ပြည်စိုးမင်း)၊ စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင် ဆရာကြီးဦးချစ်စံ(ချစ်စံဝင်း)နှင့် စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့်(ဒေါက်တာထွန်းတင့်- မြန်မာစာ)တို့အား ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။
ထိုနည်းတူ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကိုစိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။
ရွေးချယ်ကြောင်းကြေညာ
ကဗျာ(ဂန္ထဝင်)ဆုတွင် မောင်စိမ်းနောင်(လယ်ဝေး)ရေးသားသည့် ချစ်တေးသီပါ ကျေးတမာကဗျာများစာအုပ် (ပန်းရဂုံစာပေတိုက်)၊ စာပဒေသာဆုတွင် ဝေလွင်မောင်ရေးသားသည့် ကိုယ်နှင့်သက်ကို နှင်းဆက်လို၍ စာအုပ်(မြဝတီစာပေတိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဆုတွင် အောင်သျှန်ဝိုင်း (ကျိုက်မရော) ရေးသားသည့် မြန်မာ့ဂီတသူရဲကောင်း စန္ဒရား ဒေါက်တာဦးရည်နွယ် စာအုပ်(အရုဏ်ဦးစာပေတိုက်)၊ ကလေးစာပေဆုတွင် ဝတ်ရည်ခင်(ပဲခူး) ရေးသားသည့် မြန်မာ့မေတ္တာစွမ်း ကမ္ဘာကိုလွှမ်းစေရမည်နှင့် ကလေး ဝတ္ထုတိုများစာအုပ် (စာပေဗိမာန်)၊ ဘာသာပြန်(သုတ)ဆုတွင် ဒေါက်တာတင်ဘုန်းကျော် ရေးသားသည့် စူပါပါဝါပြိုင်ပွဲနှင့် AI နည်းပညာစာအုပ် (စာပေဗိမာန်)၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ဦးကျော်မြင့် G.A ရေးသားသည့် အသုံးချမြေယာနှင့် အုပ်ချုပ်ရေး စာအုပ်(စိတ်ကူးချိုချိုစာပေတိုက်)၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် စုလှိုင်တင့်ရေးသားသည့် ဇီဝအန္တရာယ်ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်းစာအုပ် (ဦးဟန်မျိုးနောင်စာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် သက်နိုင်ဦး(ကျည်ကာ) ရေးသားသည့် တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ်လမ်း မြေပုံကျမ်းစာအုပ်(ဧရာဝဏ်စာပေတိုက်)၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Win Thein ရေးသားသည့် My Anthology of Nation- Building Endeavours စာအုပ် (Aung Myo Publishing House)၊ ရသစာတမ်း(အက်ဆေး) စာပေဆုတွင် မြေလတ်မောင်မြင့်သူရေးသားသည့် နာမည်လေးမွှေးလို့ ချစ်ချင်သည်စာအုပ်(လင်းလွန်းခင်စာပေတိုက်)နှင့် ရည်ညွှန်းစာပေဆုတွင် အရှင်ပညာသာရ (မဟာဓမ္မပါလဆရာတော်)ရေးသားသည့် မြန်မာ့ရှေးရိုးပန်းချီ ဗုဒ္ဓဝင်စာအုပ် (ကြီးပွားရေးစာပေတိုက်)တို့ကို ရွေးချယ်ကြောင်းကြေညာသည်။
အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင်ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ်သိန်း ၃၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
အမြန်ဆုံးဆက်သွယ်ကြရန်
ဆုရရှိသူများသည် ရန်ကုန်မြို့အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အတွင်းရေးမှူးရုံးအဖွဲ့ တယ်လီဖုန်းအမှတ် ၀၁-၃၈၇၇၂၄ နှင့် စီမံရေးရာတယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅ x ၇)လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ ဆုများကို ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်