၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းလုပ်ငန်း အသိပေးကြေညာခြင်း
Latest News - 97220 items

Ministry of Transport and Communications / Posted on September 17, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Information / Posted on September 17, 2025
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရန်ဒါမိုဒီသည် (၁၉၅၀)ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ကမွေးဖွားခဲ့ပြီး ယနေ့တွင်(၇၅)နှစ်ပြည့်မြောက်ခဲ့ကြောင်း၊ အဆိုပါအိန္ဒိယ ဝန်ကြီးချုပ်၏ မွေးနေ့ပွဲကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ် Dhar မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း။

Kayin State Government / Posted on September 17, 2025
ကရင်ပြည်နယ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Ministry of Transport and Communications / Posted on September 17, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 17, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 17, 2025
နေ့စဉ်မြစ်ရေခန့်မှန်းချက်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Posted on Sep 18, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 17, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Posted on Sep 16, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Posted on Sep 15, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 14, 2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းလုပ်ငန်း အသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / July 23, 2025
၁။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၇-၇-၂၀၂၅ ရက်နေ့(တနင်္ဂနွေနေ့) နံနက်(၆:၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
၂။ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။
၃။ အောင်စာရင်းထုတ်ပြန်မည့် ၂၇-၇-၂၀၂၅ ရက်နေ့၊ နံနက်(၄)နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။
၄။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာပေးမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။
၅။ မိဘပြည်သူများ သက်ဆိုင်ရာစာစစ်ဌာနများ၌ အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
၆။ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ်(၀၁-၆၅၃၅၀၉)သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၇-၇-၂၀၂၅ ရက်နေ့(တနင်္ဂနွေနေ့)တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
ပညာရေးဝန်ကြီးဌာန