ပြည်တွင်းထုတ်ကုန်များအားပေး အမည်သစ်များ တိုးတက်ထုတ်လုပ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

ပြည်တွင်းထုတ်ကုန်များအားပေး အမည်သစ်များ တိုးတက်ထုတ်လုပ်


Ministry of Information/ Naypyitaw / July 27, 2025
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်တိုးမြှင့်ရေး” စီးပွားရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီချိတ်ဆက်ဆောင်ရွက်ပေးပြီး ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေးနှင့် အမည် (မယ်) သစ်ပို့ကုန်ရရှိရေးကို ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အခြားလိုအပ်ချက်များဖြစ်သည့် ပြည်ပဈေးကွက်ကို ချိတ်ဆက်ပေးပြီး ဈေးကွက်ခိုင်မာစွာရရှိရေး၊ လိုအပ်သည့်နည်းပညာနှင့် လူသားအရင်းအမြစ်များရရှိရေးတို့ကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည်။ MSME ချေးငွေအဖြစ် ငွေကျပ် ဘီလီယံ ၁၇၀ အနက် ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး ဘီလီယံ ၂၀ ကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ပုဂ္ဂလိက ဘဏ် ၁၈ ဘဏ်က MSME ချေးငွေများကို လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့အကျိုးကိုရှေးရှုပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နည်းပညာနှင့် လူသားအရင်းအမြစ်များရရှိရေးကို စက်မှုဝန်ကြီးဌာနနှင့် အေဂျင်စီများပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးသည့် နည်းပညာသင်တန်းများနှင့် ဆွေးနွေးပွဲများ၊ ဝန်ကြီးဌာနအလိုက်ဖွင့်လှစ်သည့် MSME ဆိုင်ရာသင်တန်းများ၊ အနာဂတ်တွင် ကုန်ထုတ်လုပ်ငန်းများကို ထဲထဲဝင်ဝင်သိရှိပြီး ရေရှည်ရပ်တည်နိုင်ရန် KG+9 အောင်မြင်ပြီးသူများအတွက် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်သည့်အတွက် ပြည်တွင်း/ပြည်ပတွင် အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်များ ပြုလုပ်နေကြသည်။ ထို့ကြောင့် အွန်လိုင်းစနစ်ဖြင့် ဈေးကွက်ကို ချိတ်ဆက်ကြရမည်ဖြစ်သည်။ ပြည်ပနှင့် ဈေးကွက်ချိတ်ဆက်ရေးကို MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့် အေဂျင်စီများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည့် အရည်အသွေးမီတန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ဈေးကွက်ချိတ်ဆက်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယခင်ကာလက ကျင်းပခဲ့သည့် MSME ပြပွဲနှင့်ပြိုင်ပွဲများတွင်လည်း One Stop Service ဖြင့် ပြည်ပပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ စီးပွားရေးသံမှူးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ချိတ်ဆက်မှုများအရ ပို့ကုန်ပေးပို့မှုအပေါ် နိုင်ငံတကာကုမ္ပဏီများ၊ လုပ်ငန်းကိစ္စဘဏ်များနှင့် ချိတ်ဆက်ရသည့်ကိစ္စရပ်များ၌ အင်တာနက်ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာရပ်များ၊ စီးပွားရေးဆိုင်ရာ အသုံးချရယူရမည့် နည်းပညာပိုင်းများကို မဖြစ်မနေကျွမ်းကျင်စွာတတ်မြောက်ထားရန်လိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” တို့ကို စီးပွားရေးဦးတည်ချက်များနှင့် ချိတ်ဆက်အကောင်အထည်ဖော်လျက်ရှိသည်။ MSME စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းထုတ်ကုန် အားပေးမြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနှင့် အမည် (မယ်) သစ်ပို့ကုန်ရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့် အလေးပေးဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများကို ပိုမိုအားပေးမြှင့်တင်နိုင်ရန်အတွက် မူဝါဒပိုင်းဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများနှင့် ငွေကြေးအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးပြီး စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်၊ ထုတ်ကုန်အမျိုးအစားအလိုက် တူညီသည့် အမျိုးအစားထုတ်ကုန်များကို စုစည်းနိုင်မှသာ တစ်နိုင်ငံလုံးတစ်နှစ်ထွက်ရှိနိုင်သည့် ပမာဏကို ရရှိနိုင်မည်ဖြစ်သည်။

သို့မှသာ ပို့ကုန်အမည် (မယ်) များအလိုက် နိုင်ငံတကာဈေးကွက်မှ သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီစေရေးစီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာဈေးကွက်တွင် ယုံကြည်မှုရှိသည့် ဈေးကွက်နှင့် ဖောက်သည်အဖြစ် ဖန်တီးနိုင်မည်ဖြစ်ရာ MSME လုပ်ငန်းများကို နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပံ့ပိုးကူညီပေးပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော ခေတ်မီစနစ်ကျနပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် MSME စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ


Ministry of Information/ Naypyitaw / July 27, 2025
image


အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိ

နေပြည်တော် ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီးထုတ်ပြန်ကြေညာသည်။

ထိုသို့ထုတ်ပြန်ပေးရာတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ထားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှုကြသည်။ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ (ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖြေဆို၊ အောင်မြင်သူနှင့် အောင်ချက်ရာခိုင်နှုန်းများကို အောက်ဖော်ပြပါဇယားဖြင့် ထုတ်ပြန်ကြေညာထားသည်။