၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ
Latest News - 95094 items

Ministry of Transport and Communications / Posted on August 04, 2025
နေ့စဉ်မြစ်ရေခန့်မှန်းချက်


Ministry of Information / Posted on August 04, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ New Stellar Energy MM Co.,Ltd. ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on August 04, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on August 04, 2025
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်း ထားရမည့်အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။

Ministry of Information / Posted on August 04, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ
Ministry of Information/ Naypyitaw / August 04, 2025

နေပြည်တော် ဩဂုတ် ၃
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။
အဆိုပါဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည်။ ထို့ပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသောနေရာများအား ကိုယ်တိုင်ရွေးချယ်၍ KBZ Pay၊ CBPay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာတိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်သည်။ ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်သည်။
Website နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ၀၆၇-၃၄၀၄၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်