၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
Latest News - 106347 items
Ministry of Information / Posted on March 26, 2026
နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများရေငွေ့ပျံပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီးဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျှော့ချပေးပါရန်။
Ministry of Information / Posted on March 26, 2026
စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးကို မတ် ၂၄ ရက်က ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာ “ပြည်တွင်း စက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း” မှာကြားခဲ့သည်။
Ministry of Information / Posted on March 26, 2026
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Ministry of Information / Posted on March 26, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
Ministry of Information / Posted on March 26, 2026
တီဘီရောဂါသည် ကမ္ဘာ့အပြင်းထန်ဆုံး ကူးစက်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ကာကွယ်၍၊ ကုသ၍ရသော ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ တီဘီရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။
Ministry of Cooperatives and Rural Development / Posted on March 26, 2026
သာပေါင်းမြို့နယ် သာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / March 26, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန