(၁၂)လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား ရောင်းချပေးမည်။
Latest News - 90099 items

Ministry of Information / Posted on April 25, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ယခုကာလတွင် ပြည်တွင်းခရီးသည်များ လေဆိပ်သို့ဆိုက်ရောက်/ထွက်ခွာ အဆင်ပြေမှုရှိစေရေး ယာယီဆောင်ရွက်ထားရှိမှုနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ အဆင်ပြေစွာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Transport and Communications / Posted on April 25, 2025
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on April 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပုဂ္ဂလိကဥစား ကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၅၀၀၀၀ မွေးမြူထားရှိမှုကိုကြည့်ရှုပြီး ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥနှင့်အသား တိုးတက်ထုတ်လုပ် နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။

Ministry of Information / Posted on April 25, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိ သည့် အားကစားနည်းများ အနက်မှလက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on April 25, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်) အစည်းအဝေးခန်းမ၌ စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

Ministry of Information / Posted on April 25, 2025
အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဂျာမနီနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
(၁၂)လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား ရောင်းချပေးမည်။
Ministry of Transport and Communications/ Naypyitaw / April 24, 2025

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း (၂)ရက် (တနင်္လာနေ့) နံနက်(၀၉း၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈)ရက် (တနင်္လာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမ နေ့ စာအိတ်( First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင်ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ်( First Day Cover)များကို ဝယ်ယူလိုသူများအနေဖြင့် -
ဦးညီညီလွင်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၅၀၀၀၀၂၂၆
ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၄၅၈
ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။