CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်

Latest News - 90721 items

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ သစ်တောသစ်ပင်များထိန်းသိမ်းကာကွယ်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များဆွေးနွေးပြီး သစ်တောစိုက်ခင်းနှင့် သတ္တုလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေး

Ministry of Natural Resources & Environmental Conservation / Posted on May 09, 2025

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးဒေသရှိ သတ္တုလုပ်ကွက်များသို့ ရောက်ရှိရာ တာဝန်ရှိသူများက နှစ်အလိုက် သတ္တုထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု အခြေအနေများ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် နည်းပညာမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သတ္တုရောရာ ကုန်ကြမ်းတင်ပို့ခြင်းအစား ပြည်တွင်း၌ သန့်စင်စက်ရုံတည်ဆောက်၍ သန့်စင်ပြီး သတ္တုများ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး သတ္တုလုပ်ကွက်များ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်

Ministry of Information / Posted on May 09, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on May 09, 2025

မြေငလျင်သတင်း

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 09, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇသီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့်ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်ဖူးမြော်ကြည်ညို

Kayin State Government / Posted on May 09, 2025

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇသီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့်ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်ဖူးမြော်ကြည်ညို

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 09, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025

CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်


Ministry of Transport and Communications/ Naypyitaw / July 19, 2024


၁။       မကြာသေးခင်က ထွက်ရှိခဲ့သော CrowdStrike Falcon Sensor ၏ Update ကြောင့် နိုင်ငံတကာရှိ ထောင်နှင့်ချီသော Windows စနစ်သုံးကွန်ပျူတာများသည် စက်ဖွင့်ချိန်တွင် Blue Screen of Death (BSOD) Error ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတကာရှိ CrowdStrike Falcon ဆော့ဖ်ဝဲလ် အသုံးပြုသော ဘဏ်များ၊ လေကြောင်းလိုင်းများ၊ ရုပ်သံထုတ်လွှင့်ရေးနှင့် အရေးပေါ်ဝန်ဆောင်မှုအချို့တွင် လုပ်ငန်းဆောင်တာ ရပ်ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။       CrowdStrike အနေဖြင့် အဆိုပါပြဿနာအား ဖြေရှင်းနိုင်ရန် Patch ဖိုင်ကို ထုတ်ပေးပြီး ဖြစ်သော်လည်း Windows ကို ပုံမှန်အတိုင်း ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့် IT Administrator များအနေဖြင့် BSOD Error အား ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်-

(က) Windows အား Safe Mode သို့မဟုတ် Windows Recovery Environment အနေအထားဖြင့် Boot ပြုလုပ်ရမည်။ (Hirens Boot CD ဖြင့်လည်း Boot ပြုလုပ်နိုင်ပါသည်။)

(ခ) Windows တက်လာသော် C:\Windows\System32\drivers\CrowdStrike Folder ရှိရာသို့ သွားပါ။

(ဂ) ထို့နောက် CrowdStrike Folder အောက်တွင် C-00000291*.sys ဟု ရှာပြီး ကိုက်ညီသော ဖိုင်များအားလုံးကို ဖျက်ပစ်ပါ။

(ဃ) ဖိုင်များအား ဖျက်ပြီးသောအခါ Windows အား ပုံမှန်အတိုင်း Reboot ပြုလုပ်ပါ။

၃။       အထက်ပါအကြံပြုချက်များသည် ဗိုင်းရပ်စ်နှိမ်နှင်းရေးပရိုဂရမ်ဖြစ်သည့် CrowdStrike Falcon ကို သုံးစွဲသူများအတွက်သာဖြစ်ပြီး အခြားသော ဗိုင်းရပ်စ်နှိမ်နှင်ရေးပရိုဂရမ် သုံးစွဲသူများအနေဖြင့် အကြံပြုချက်များအား လုပ်ဆောင်ရန် မလိုအပ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

HOT NEWS
January 4,