Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း

Latest News - 93399 items

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on July 01, 2025

မြေငလျင်သတင်း

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးသေဆုံး၍ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Ministry of Information / Posted on June 30, 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ သေကြေပျက်စီးစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ်သိန်းကိုးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Information / Posted on June 30, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ တပ်ကုန်းမြို့နယ်သို့ နေလင်းအောင်(ခ)နေလင်း မောင်းနှင်လာသည့် MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ စုစုပေါင်းအလေးချိန် ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၂,၀၀၀ ပြားနှင့် ကက်တမင်း ၁ ဒသမ ၁ ကီလိုတို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ဆီဆိုင်မြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on June 30, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

Ministry of Information / Posted on June 30, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on June 30, 2025

မြေငလျင်သတင်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း


Ministry of Transport and Communications/ Naypyitaw / June 30, 2025


   မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ Myanmar Cyber Security Challenge ပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက် ရှိပါသည်။ ယခုနှစ်အတွက် Myanmar Cyber Security Challenge 2025 (အလွတ်တန်း အဆင့်) ပြိုင်ပွဲကို ၃၀-၈-၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂ ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

   ပြိုင်ပွဲတွင် အသင်းပေါင်း ၂၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်း ၂၅ သင်းကျော်လွန်ပါက လက်ရည်စစ်ပွဲအား ၉-၈-၂၀၂၅ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ၂၅ သင်းသာ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် Web Security Reverse EngineeringBinary ExploitForensics နှင့် Cryptography ဆိုင်ရာ ပုစ္ဆာများကို ဖြေဆိုရမည်ဖြစ်ပါသည်။

   ပြိုင်ပွဲဝင်လျှောက်လွှာများကို ၃၀-၇-၂၀၂၅ ရက်နေ့ထက် နောက်မကျစေဘဲ ctf@ncsc.gov.mm သို့ အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။ ပြိုင်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၉၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

­­Download  ပြိုင်ပွဲဆိုင်ရာအချက်အလက်များ

Download  ပြိုင်ပွဲဝင်လျှောက်လွှာပုံစံ

­­