ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် ကျင်းပသော Myanmar Innovative Tourism Startup Competition (MITSC) လျှောက်လွှာခေါ်ယူခြင်း


Ministry of Hotel & Tourism/ နေပြည်တော် / June 21, 2022


                         ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန                   

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်ကျင်းပသော

Myanmar Innovative Tourism Startup Competition (MITSC) လျှောက်လွှာခေါ်ယူခြင်း

၁။      ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ အနာဂါတ်စိန်ခေါ်မှုအသစ်များကိုဖြေရှင်းနိုင်ရန်နှင့် ခရီးသွားနယ်ပယ်အတွင်းရှိ ဆန်းသစ်တီထွင်မှုရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဖော်ထုတ်ကာ ကူညီပံ့ပိုးနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စွန့်ဦးတီထွင်မှုပြိုင်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

              “Myanmar Innovative Tourism Startup Competition” ပြိုင်ပွဲကို စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။           ဝင်ရောက်လျှောက်ထားရမည့်အစီအစဉ်

              (က)    လျှောက်လွှာလက်ခံမည့်အချိန်                   – (၁-၇-၂၀၂၂) ရက်နေ့မှ (၃၁-၇-၂၀၂၂) ရက်နေ့အထိ

              (ခ)      ပဏာမရွေးချယ်စိစစ်မည့်ကာလ               – (၁-၈-၂၀၂၂) ရက်နေ့မှ (၁၅-၈-၂၀၂၂) ရက်နေ့အထိ

             (ဂ)     နောက်ဆုံးရွေးချယ်စိစစ်မည့်ကာလ           – (၁၆-၈-၂၀၂၂)ရက်နေ့မှ(၃၁-၈-၂၀၂၂) ရက်နေ့အထိ

             (ဃ)    အနိုင်ရရှိသူအား ကြေငြာမည့်နေ့ရက်       – (၁-၉-၂၀၂၂) ရက်နေ့

             (င)     လျှောက်လွှာတင်သွင်းရမည့်လိပ်စာ          – mitsc2022@gmail.com 

             (စ)     ဆုကြေးသတ်မှတ်ချက်                            – ပထမဆု – သိန်း (၃၀)၊ ဒုတိယဆု – သိန်း (၂၀)၊ တတိယ ဆု (၁၀) သိန်း

၃။    လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website ဖြစ်သော https://tourism.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး လျှောက်လွှာများကို https://moht.qrd.by/MITSC တွင် Download ရယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖုန်း ၀၆၇ – ၃၄၀၆၁၆၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

၄။           အမည်၊ ဆက်သွယ်ရန်လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်တို့ကို လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့  ညနေ (၀၄:၃၀) နာရီ နောက်ဆုံးထားပေးပို့ရပါမည်။

၅။          ပြိုင်ပွဲတွင် ကနဦးစကာတင်အဖြစ် ရွေးချယ်ခံရသူများကို https://tourism.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပြီး၊ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားတွင် ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါသည်။