စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၁၀ /၂၀၂၃


Ministry of Information/ Naypyitaw / November 12, 2023
image


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၁၀ /၂၀၂၃

၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်၁၄ ရက် ( ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-

(က) ကွတ်ခိုင်မြို့နယ်

( ခ) ကွမ်းလုံမြို့နယ်

( ဂ) နမ့်ခမ်းမြို့ နယ်

(ဃ) မူဆယ်မြို့နယ်

( င) လားရှိုးမြို့ နယ်

( စ) သိန်းနီမြို့ နယ်

၂၊ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ် အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ