စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း


Ministry of Planning and Finance/ Yangon / August 09, 2022


၁။  မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော ဒု-ကြီးကြပ်ရေးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၃၆) နေရာအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူ များလျှောက်ထားနိုင်ပါသည်။

၂။    ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာများအတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ စာရွက်စာတမ်းများ ပူးတွဲ၍ မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်) တွင် ၁၉-၈-၂၀၂၂ ရက် (သောကြာနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူသည်-

၃။       (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          (ခ)     တက္ကသိုလ်တစ်ခုခုမှအောက်ပါဘွဲ့ရရှိသူများဖြစ်ရမည်-

                    (၁)     ကွန်ပျူတာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

                    (၂)      နည်းပညာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

          (၃)     စီးပွားရေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

(၄)     သမဝါယမတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

(၅)     အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ ဘွဲ့တစ်ခုခုရရှိသူ၊

၃။       (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          (ခ)     တက္ကသိုလ်တစ်ခုခုမှအောက်ပါဘွဲ့ရရှိသူများဖြစ်ရမည်-

                    (၁)     ကွန်ပျူတာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

                    (၂)      နည်းပညာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

                    (၃)     စီးပွားရေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

                    (၄)     သမဝါယမတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊

                    (၅)     အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ ဘွဲ့တစ်ခုခုရရှိသူ၊

            (ဂ)   ၁-၈-၂၀၂၂  ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကျော်လွန်စေရ။

          (ဃ)   နိုင်ငံ့ဝန်ထမ်း  (အမြဲတမ်းခန့်ဝန်ထမ်း)  ဖြစ်ပါက  ၁-၈-၂၀၂၂  ရက်နေ့တွင်  အသက် (၃၅)   နှစ်ထက် မကျော်လွန်စေရ။

          (င)    (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ (၃) ပုံ၊ ဘွဲ့လက်မှတ်/ ဘွဲ့ထောက်ခံစာ မိတ္တူ၊   အသက်အထောက်အထားအတွက် တက္ကသိုလ်

                  ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ အခြား တတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ်မိတ္တူနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ။

          (စ)    (၁) လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ရပ်ကွက်ထောက်ခံစာမူရင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ

                   ရဲစခန်းထောက်ခံစာမူရင်း။

          (ဆ)    သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ။

          (ဇ)     နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုကြောင်း ထောက်ခံစာ (မူရင်း/ မိတ္တူ)။

          (ဈ)     ဒု-ကြီးကြပ်ရေးမှူးရာထူးတွင် ခန့်ထားခြင်းခံရပါက ဌာနတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ရမည်။

၄။    ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာများအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ မေးခွန်းတို့ဖြင့် ၂၇-၈-၂၀၂၂ ရက် ( စနေနေ့ ) နံနက် (၉:၀၀) နာရီမှ (၃:၃၀) နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုလုပ် သွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (ခုံအမှတ်) ကို မြန်မာ့အာမခံလုပ်ငန်း၊ အမှတ် ၆၂၇/ ၆၃၅၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်၌ ၂၄-၈-၂၀၂၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး၊ အရည်အချင်းစစ်လူတွေ့စစ်ဆေးခြင်းပြုလုပ်မည့် နေ့ရက်အားထပ်မံ အသိပေးသွားမည်ဖြစ်ပါသည်။

၅။      လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အခြားအောင် လက်မှတ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားစသည်တို့ကို မူရင်းတင်ပြနိုင်ရပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၊ ရန်ကုန်၊ ဖုန်း ၀၁-၈၃၇၉၀၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။