ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း
ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း
Ministry of Transport and Communications/ Naypyitaw / September 15, 2025
နိုင်ငံတော်အစိုးရယန္တရားတွင် ပါဝင်သောဌာနများအနေဖြင့် e-Government စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လိုင်စင်လျှောက်ထားမှုစနစ်များ လိုက်လျောညီထွေဖြစ်စေရန် အွန်လိုင်းစနစ်ဖြင့်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးနှင့် စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အား အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစတင်၍ ဤဦးစီးဌာန၏ ဝက်ဆိုက်ဒ်ဖြစ်သော https://www.ptd.gov.mm ၏ လိုင်စင်လျှောက်ထားခြင်း စာမျက်နှာရှိ Online ရဝ/စသ လိုင်စင် လျှောက်ထားခြင်း ကို အသုံးပြု၍ လွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း ကုမ္ပဏီများသို့ အသိပေးကြေညာအပ်ပါသည်။