တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
Ministry of Information/ Naypyitaw / February 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့လွှတ်တော်
ကြေညာချက်အမှတ် ၁/၂၀၂၆
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်
(၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်)
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၄၊ ပုဒ်မ ၁၂၃၊ ပုဒ်မ ၁၂၄၊ ပုဒ်မခွဲ(ခ)၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၇ နှင့် ၂ဝ၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၃ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ)
တီခွန်မြတ်
ဥက္ကဋ္ဌ