တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းများဖြစ်ကြောင်း ကြေညာခြင်း


Ministry of Immigration & Population/ နေပြည်တော် / March 01, 2021


တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းများဖြစ်ကြောင်း ကြေညာခြင်း

 

၁။ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့တွင် စတင်ကာ အာဏာတည်ခဲ့ပါသည်။

၂။ အလုပ်သမားများသည် အလုပ်သမားရေးရာကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းလိုပါက ယင်းဥပဒေပုဒ်မ ၉ ၊ ၁၀ ၊ ၁၁ နှင့် ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

၃။ မှတ်ပုံတင်ထားသော အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်သမားအဖွဲ့အစည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိပါသည်။

၄။ ယခုအခါ အလုပ်သမားအဖွဲ့အစည်းအမည်ခံ ဖွဲ့စည်းထားသော အောက်ပါအဖွဲ့အစည်း များသည် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် တရားဝင်ဖွဲ့စည်း ထားသော အဖွဲ့အစည်းများမဟုတ်ကြောင်း စိစစ်တွေ့ရှိရပါသည်-

(က) ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊

(ခ) အလုပ်သမားအချင်းချင်းရိုင်းပင်ကူညီရေးအဖွဲ့၊

(ဂ) အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့၊

(ဃ) Action Labour Right ၊

(င) All Myanmar Trade Union’s Network ၊

(စ) Agriculture Freedom of Myanmar ၊

(ဆ) Association for Labour Development (ALD) ၊

(ဇ) Federation of Garment Workers Myanmar ၊

(ဈ) Freedom and Labour Action Group ၊

(ည) Labour Power Group ၊

(ဋ) We Generation Network ၊

(ဌ) ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊

(ဍ) သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ) STUM ၊

(ဎ) အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Cooperation Committee of Trade Unions – CCTU ) ၊

(ဏ) မြန်မာနိုင်ငံလုံးဆိုင်ရာရေနံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊

(တ) စက်မှုလုပ်ငန်းဆိုင်ရာအမျိုးသမီးအလုပ်သမားများအစည်းအရုံး (Industrial Women Worker Organization – IWWO )၊

၅။ သို့ဖြစ်၍ ဖော်ပြပါ အဖွဲ့အစည်းများသည် တရားဝင်အဖွဲ့အစည်းများမဟုတ်ကြောင်း၊ ယင်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများသည်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်းနှင့် ဆက်လက် လှုပ်ရှားဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။