နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အလယ်တောရစံပြစာသင်တိုက်၏ သာသနာ့မြေပေါ်ရှိ ဆောက်လုပ်ဆဲ ဓမ္မဝိဇယသာသနာ့ဗိမာန်တော် RC ၄ ထပ် အဆောက်အဦအတွက် လှူဒါန်းနိုင်ရေး နှိုးဆော်ခြင်း


Ministry of Religious Affairs & Culture/ Naypyitaw / March 10, 2023
image


 

   ပွင့်တော်မူပြီးသော ဗုဒ္ဓမြတ်စွာဘုရားအဆူဆူတို့သည် “ဝိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ”၊ (ကျောင်း၊ ဗိမာန်လှူဒါန်းခြင်းသည် အမြတ်ဆုံးအလှူဒါနဖြစ်သည်)ဟု ချီးမွမ်းတော်မူခဲ့ပါသည်။

 

   ဗုဒ္ဓမြတ်စွာဘုရားအဆူဆူတို့၏ဒေသနာတော်နှင့်အညီ “ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ”ဟူသော သာသနာတော် သုံးရပ် အရှည်တည်တံ့ထွန်းကားပြန့်ပွားစေရန် ရည်သန်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် အလယ်တောရစံပြစာသင်တိုက် မြေပေါ်တွင် ဓမ္မဝိဇယသာသနာ့ ဗိမာန်တော် RC ၄ ထပ် အဆောက်အဦကို မြေအကျယ် ၀.၆၈၈ ဧကပေါ်တွင် အလျား ၁၀၉အနံ ၄၆ ၊ အဆောက်အဦအမြင့် ၅၀၊ ပြာသာဒ်အဆောင် ၂၁၊ စုစုပေါင်း ၇၁ ဖြင့် ဆောက်လုပ် လျက်ရှိရာ ဤဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်ပြီးစီးပါက သာသနာပြုလုပ်ငန်းများကို ဤဗိမာန်တော်ကြီးတွင်‌ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

   အဆိုပါသာသနာ့ဗိမာန်တော်ကြီး အပြီးသတ်ဆောက်လုပ်နိုင်ရေးအတွက် သဒ္ဓါတရား လက်ကိုင် ထားကာ ကျောင်းဗိမာန် ဒါယကာ၊ ကျောင်းဗိမာန် ဒါယိကာမအဖြစ် ခံယူနိုင်ရန် တတ်စွမ်းသမျှ မြတ်ဒါနကို KBZ Bank A/C No.23132603400117001 သို့ လှူဒါန်းပေးနိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန