နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
Ministry of Information/ Naypyitaw / February 14, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဥက္ကဋ္ဌ
(ခ) ဒုတိယတိုင်းမှူး ဒုတိယဥက္ကဋ္ဌ(၁)
နေပြည်တော်တိုင်းစစ်ဌာနချုပ်
(ဂ) နေပြည်တော်ကောင်စီဝင်၊ အဖွဲ့ဝင် ၁ ဒုတိယဥက္ကဋ္ဌ(၂) (ဃ) နေပြည်တော်ကောင်စီဝင်၊ အဖွဲ့ဝင် ၃ အဖွဲ့ဝင်
(င) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ဥပဒေရေးရာဝန်ကြီးဌာန
(စ) ဦးစီးဗိုလ်မှူးကြီး(စစ်ရေး) အဖွဲ့ဝင်
နေပြည်တော်တိုင်းစစ်ဌာနချုပ်
(ဆ) ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
နေပြည်တော်ရဲတပ်ဖွဲ့
(ဇ) နေပြည်တော်ကောင်စီဦးစီးမှူး အဖွဲ့ဝင်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
(ဈ) အုပ်ချုပ်ရေးမှူး အတွင်းရေးမှူး
နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဥက္ကဋ္ဌ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့