နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ အများသိစေရန်အသိပေးကြေညာခြင်း


Naypyitaw Development Committee/ နေပြည်တော် / October 04, 2023


 နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အငှားဝယ်စနစ် (Hire Purchase System) ဖြင့် မော်တော် ယာဉ်များ ဝယ်ယူထားသည့် အငှားဝယ်ယူသူများသည် လစဉ်အရစ်ကျငွေများ ပေးသွင်းရန် ပျက်ကွက်နေ သောကြောင့် သက်ဆိုင်ရာတရားရုံးအသီးသီးတွင် တရားစွဲဆိုထားရှိပါသည်။ အငှားဝယ် ချေးငွေရယူပြီး မော်တော်ယာဉ်ဝယ်ယူထားရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မော်တော်ယာဉ်လက်ဝယ်ရှိသူများအနေ ဖြင့် မော်တော်ယာဉ်များနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုခိုင်မာစေရေး ဘဏ်နှင့်အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြ ပါရန် အသိပေးကြေညာအပ်ပါသည်။