နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အသိပေးကြေညာခြင်း


Naypyitaw Development Committee/ နေပြည်တော် / March 28, 2023


နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အငှားဝယ်ချေးငွေစနစ်(Hire Purchase System) လုပ်ငန်းအား ဆောင်ရွက်ခဲ့ရာတွင် ဆန္ဒဘုန်းပြည့်မိသားစုကုမ္ပဏီလီမိတက်( ခ ) ဆန္ဒဘုန်းပြည့်မြန်မာ ဂရုအော့ဖ်ကုမ္ပဏီလီမိတက်နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သော အောက်ဖော်ပြပါ မော်တော်ယာဉ် များသည် အငှားဝယ်ချေးငွေများကို ဘဏ်သို့ အပြေအကြေ ပြန်လည်ပေးဆပ်ခြင်းမရှိပါသဖြင့် သက်ဆိုင်ရာတရားရုံးအသီးသီးတွင် အငှားဝယ်ယူသူများနှင့် အခွင့်ရဆက်သွယ်သူကုမ္ပဏီအား ဥပဒေ နှင့်အညီ တရားစွဲဆို ထားရှိပြီးဖြစ်ပါသည်။

------- အဆိုပါ မော်တော်ယာဉ်များသည် အငှားဝယ်ချေးငွေများ ဘဏ်သို့ ပြေကြေစွာ ပေးဆပ်ခြင်း မရှိမီအချိန်အထိ ဘဏ်၏ပိုင်ဆိုင်မှုပစ္စည်းအဖြစ် တည်ရှိလျက်ရှိသည့်အတွက် အငှားဝယ်ချေးငွေ ရယူပြီး မော်တော်ယာဉ်လက်ဝယ်ရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မော်တော်ယာဉ်လက်ဝယ် ရှိသူများသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ မိမိတို့၏ ယာဉ်ပိုင်ဆိုင်မှုခိုင်မာရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။