နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း


Ministry of Information/ Naypyitaw / November 09, 2023
image


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

ကြေညာချက်

နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၃ အောင်) (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို ၁၆-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပြီး ၂၃-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

၂။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းအား (၉-၁၁-၂၀၂၃)ရက်နေ့၌ ဝန်ကြီးဌာန၏ website ဖြစ်သည့် https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website ဖြစ်သည့် https://ucmt.edu.mm တို့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန