ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / November 16, 2022
image


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့)တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် ယနေ့ကာလအထိ နိုင်ငံတော်၏တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ရာဇသတ်ကြီးပုဒ်မ(၅၀၅-က)အရ အရေးယူထားသည့် အနုပညာရှင်များနှင့် ပြစ်ဒဏ်ကျခံလျက်ရှိသူများအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။