မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တံခွန်တိုင်ချောင်း ရေကျော်တွင် မော်တော်ယာဉ်(၁)စီး လမ်းဘေးထိုးကျမှု


Ministry of Home Affairs/ နေပြည်တော် / October 05, 2021
image


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တံခွန်တိုင်ချောင်း ရေကျော်တွင် မော်တော်ယာဉ်(၁)စီး လမ်းဘေးထိုးကျမှု
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံခွန်တိုင် ကျေးရွာ၊ တံခွန်တိုင်ချောင်း ရေကျော်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ ၀၉၂၀ အချိန် ခန့်က ယာဉ်မောင်း ဦးကျော်စိုး မောင်းနှင်လာသော ယာဉ်အမှတ်(BGO/xxxx) ISUZU ခဲရောင် မော်တော်ယာဉ်သည် ချောင်းရေစီးနေစဉ် ဖြတ်ကူးသဖြင့် ရေစီးနှင့်အတူမျောပါ၍ လမ်း၏ယာဘက် (၁၀)ပေခန့် အကွာသို့ ထိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ် စခန်းမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂၀၅ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်းနှင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။