မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များကို ဖျက်ဆီးစော်ကားနေကြခြင်းကို တစ်နိုင်ငံလုံးက ကန့်ကွက်ရှုတ်ချနေသည့်ကြားက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်းဌာပနာထားသည့်ပစ္စည်းများအား ယူဆောင်သွားကြောင်း သိရှိရသည်။

ထိုသို့ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်နေသည့် စေတီ၊ ပုထိုး၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးသည့်လုပ်ရပ်များသည် ဗုဒ္ဓဘာသာဝင်အားလုံး၏ ကိုးကွယ်ယုံကြည်မှုကို ရိုင်းပျစော်ကားသည့် လုပ်ရပ်ဖြစ်သဖြင့် ၎င်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား မြန်မာနိုင်ငံစာရေးဆရာအသင်းက ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း