မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်သည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအပါအဝင် အခြား ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယုတ်မာရိုင်းစိုင်းစွာ ဖြိုချဖျက်ဆီးသည့်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့က ယခုလအတွင်းတွင် ဘက်ဟိုးဖြင့် ဖြိုချ ဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုအပေါ် စော်ကားသည့်လုပ်ရပ်များအား မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)