မြန်မာနိုင်ငံပြန်တမ်း
မြန်မာနိုင်ငံပြန်တမ်း
Ministry of Information/ Naypyitaw / November 09, 2020
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့် နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး) ဦးဝဏ္ဏဇော်ကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့် နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။