မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image_latest


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်း ပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးပြီး စေတီအတွင်း ဌာပနာထားသည့် ရတနာ ပစ္စည်းများကို TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ယူဆောင်သွားခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။

၂။ ထိုသို့ လုပ်ဆောင်ခဲ့သည့် TNLA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့အား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး