မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

၁။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဗုဒ္ဓဘာသာဝင် တို့၏ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ် ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

၂။ ထိုသို့ အကြမ်းဖက်​သောင်းကျန်းသူများ၏ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေသည့် လုပ်ရပ်များသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာ ရေးဗဟိုအဖွဲ့ချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါ​ကြောင်း သ​ဘောထားထုတ်ပြန်​အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်