မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးသဘောထားထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 23, 2024
image


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖြိုချဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်လုပ်ရပ်ပေါင်းစုံကိုပြုလုပ်လျက်ရှိကြောင်းနှင့် TNLA အကြမ်းဖက်သောင်းကျန်းသူများက ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ ရက် အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီ တော်အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့် ပစ္စည်းများကိုယူဆောင်ခဲ့သည်ကို မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးက လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး