ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း


Yangon City Development Committee/ Yangon / August 26, 2020


၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၀ မှ ၃၀-၉-၂၀၂၁) ရက်နေ့ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-) နှုန်းဖြင့် (၂၄-၈-၂၀၂၀) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၃၁-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန