ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) အား တရားဝင်ကိုင်ဆောင်ရေး အသိပေးကြေညာခြင်း


Ministry of Labour/ ရုံးအမှတ် ၅၁ ၊ နေပြည်တော် / June 08, 2022


- ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေသည် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီး ဌာနမှ စည်းကြပ်ဆောင်ရွက်နေသည့် ဥပဒေဖြစ်ပြီး အဆိုပါဥပဒေအရ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ် သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော်အတွက်ဝင်ငွေများရရှိစေရေး၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကိုစစ်ဆေး၍ ထိရောက်စွာ ကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှုစာရင်းများမှတစ်ဆင့် လိုအပ် သည့်မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် Data Server တွင် အချက် အလက်များသိမ်းဆည်း၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC)ကို သက်တမ်း ၅ နှစ်ဖြင့် ထုတ်ပေးလျက်ရှိပါသည်။

- မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့သွားရောက် နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည် ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ ပြည်ထွက်များ အသုံးပြုနိုင် ပါသည်။

- အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင် အသိအမှတ် ပြုကတ်(OERC)ထုတ်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားမှုတွင် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့် အတွက် အသိအမှတ်ပြုသက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် Overseas Worker Identification Card- OWIC အစား Overseas Employment Registration Card - OERC အဖြစ် ပြောင်းလဲထုတ်ပေးမည်ဖြစ်ကြောင်းပါရှိရာ အများပြည်သူများသိရှိနိုင်ရေး အောက်ပါ အတိုင်း အသိပေးကြေညာအပ်ပါသည်-

- မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း၊

- ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများသည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးမည့် OERC အား လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း စိစစ်တွေ့ရှိရပါက Black List စာရင်းရေးသွင်းပြီး ပြည်ဝင်/ပြည်ထွက်ခွင့်များကို ပိတ်ပင်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း၊

- ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသူ မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် NUG အလုပ်သမားဝန်ကြီးဌာနမှ ထုတ် ပေးမည့် OERC အားလျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း စိစစ် တွေ့ရှိရပါက Black List စာရင်းရေးသွင်းပြီး နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်း၊   နိုင်ငံသားအဖြစ်မှ   ရပ်စဲခြင်းခံရ၍ ပြည်ဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း။

                                                                                                        အလုပ်သမားဝန်ကြီးဌာန