သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကြေညာချက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကြေညာချက်
Ministry of Science and Technology/ Nay Pyi Taw / October 28, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
ကြေညာချက်
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်း များအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ (၁၈-၁၁-၂၀၂၂) ရက်ထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၂။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန