“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။
“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications/ Naypyitaw / January 03, 2026
(၄-၁-၂၀၂၆) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ “ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂) မျိုးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၂) ရက် (တနင်္ဂနွေနေ့) နံနက် (၀၉း၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီး များတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည် ဖြစ်ပါသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (တနင်္ဂနွေနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်းဝယ်ယူလိုသူများအနေဖြင့် -
ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆
ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၄၅၈
ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
