အမှုတွဲတင်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိအမှတ်ပြုလိုင်စင်ရကန်ထရိုက်တာများသို့ ထုတ်ပေးထားသော ကတ်ပြားမူရင်းနှင့် တင်ပြရန်


Yangon City Development Committee/ location / December 04, 2018


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)တွင် အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်တင်ရာ၌ ပုံစံများတွင် လက်မှတ်ရေးထိုးထားသည့် ကော်မတီ အသိအမှတ်ပြု လိုင်စင်ရ ကန်ထရိုက်တာများ၏ လက်မှတ်အတု၊ တံဆိပ်တုံးအတုများဖြင့် တင်ပြနေကြောင်း ​စစ်ဆေးတွေ့ရှိရသဖြင့် ၁.၁၂.၂၀၁၈ ရက်နေ့မှစ၍ အမှုတွဲတင်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိအမှတ်ပြု လိုင်စင်ရကန်ထရိုက်တာများသို့ ထုတ်ပေးထားသော ကတ်ပြားမူရင်းနှင့် တင်ပြမှသာ လက်ခံဆောင်ရွက် ရရှိ မည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ