အာဆီယံ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး (Deputy Secretary- General of ASEAN for Community & Corporate Affairs) အတွက် လျှောက်လွှာခေါ်ယူခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / January 16, 2019


(၁၆-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော အာဆီယံ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် (Deputy Secretary- General of ASEAN for Community & Corporate Affairs) H.E. Dr. AKP Mochtan ၏ သုံးနှစ်သက်တမ်းကာလသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပါသည်။ အဆိုပါ လစ်လပ်သွားမည့် နေရာအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

လျှောက်လွှာခေါ်ယူခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ဝက်ဘ်ဆိုက် (https://asean.org/asean/asean-secretariat) ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ နိုင်ငံ (၆)နိုင်ငံများ၏ အင်္ဂလိပ် သတင်းစာများတွင်လည်း ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။