မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ Moblie X-ray (VACIS M 6500) ရိုက်စက် ယာဉ်ဖြင့် စစ်ဆေးရာ၌ ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် ပါလာသူများအားတစ်ဦးချင်းစီတွင် ကျရောက် နိုင်သောဓာတ်ရောင်ခြည်ပမာဏများနှင့် ပတ်သက်၍ အန္တရာယ်မရှိကြောင်း အသိပေးဖော်ပြခြင်း


Ministry of Home Affairs/ နေပြည်တော်၊ / June 28, 2019


 

နေပြည်တော်၊ ဇွန် ၂၈

          မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ Moblie X-ray (VACIS M6500) ရိုက်စက်ယာဉ်ဖြင့် စစ်ဆေးရာ၌ ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် ပါလာသူများအား တစ်ဦးချင်းစီတွင်ကျရောက်နိုင်သော ဓာတ်ရောင်ခြည်ပမာဏများနှင့် ပတ်သက်၍အမေရိကန်နိုင်ငံ ANSI (American National Standards Institute) ၏ စစ်ဆေးမှုများအရ ဘေးအန္တရာယ်များမရှိကြောင်းသိရှိရပြီး တစ်ဦးစီတွင် ကျရောက်နိုင်သောဓာတ်ရောင်ခြည်ပမာဏ (EXPOSURE) မှာ (0.17 μSV) သာရှိကြောင်းကို အခြားဓာတ်ရောင်ခြည်ထွက်သောအရင်းအမြစ် (RADIATION SOURCE)  မှတစ်ဆင့် ကျရောက်နိုင်သောပမာဏများနှင့် ယှဉ်တွဲ၍ အောက်ပါဇယားဖြင့် ဖော်ပြ ထားပါသည်။

​​​​​​​

​​​​​​​

           သို့ဖြစ်ပါ၍ Moblie X-ray (VACIS M 6500) ရိုက်စက်ယာဉ်ဖြင့် စစ်ဆေးရာ၌ ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် ပါလာသူများအားတစ်ဦးချင်းစီတွင် ကျရောက်နိုင်သော ဓာတ်ရောင် ခြည်ပမာဏများနှင့် ပတ်သက်၍အန္တရာယ်မရှိကြောင်းသတိပေးဖော်ပြအပ်ပါသည်။

​​​​​​​