ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ကြော်ငြာစာအမှတ်၊ ၃/၂၀၁၈ ရှိ ၀န်ကြီးဌာန (၇)ခုမှ လစ်လပ်ရာထူးစုစုပေါင်း(၁၈၈)နေရာအတွက် ပဏာမစစ်ဆေးခြင်း ( Screening Test ) စာမေးပွဲအောင်မြင်ပြီးနောက် ဒုတိယအဆင့်ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ နေပြည်တော်စာစစ်ဌာန နှင့် မန္တလေးစာစစ်ဌာန ၊ ခုံအမှတ်စာရင်းကြေညာခြင်း


Union Civil Service Board/ Naypyidaw / January 09, 2019


နေပြည်တော်စာစစ်ဌာနအတွက် အသိပေးကြေညာချက်

ပထမအဆင့် ပဏာမစစ်ဆေးခြင်း(Screening Test) ရေးဖြေစာမေးပွဲ အောင်မြင်သူများအတွက် ဒုတိယအဆင့်ရေးဖြေစာမေးပွဲကို အထက(၁၁)နေပြည်တော် စာဖြေဌာနတွင် ကျင်းပမည်ဖြစ်ပါသည်။

ဖြေဆိုခွင့်ကတ်ပြားများကို ၁၇- ၁ -၂၀၁၉ ရက်(ကြာသပတေးနေ့)နှင့် ၁၈- ၁ -၂၀၁၉ ရက် (သောကြာနေ့) တို့တွင် ရုံးအမှတ်(၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ပေးမည် ဖြစ်ပါသည်။Download ရယူရန်

 

မန္တလေးတိုင်းဒေသကြီးစာစစ်ဌာနအတွက် အသိပေးကြေညာချက်

ပထမအဆင့် ပဏာမစစ်ဆေးခြင်း(Screening Test) ရေးဖြေစာမေးပွဲ အောင်မြင်သူများ အတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို အထက( ၁ ) မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကျင်းပမည်ဖြစ်ပါသည်။

ဖြေဆိုခွင့်ကတ်ပြားများကို ၁၇– ၁ ၂၀၁၉ ရက်(ကြာသပတေးနေ့)နှင့် ၁၈– ၁ ၂၀၁၉ ရက် (သောကြာနေ့) တို့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသည်။ Download ရယူရန်