ASEAN Youth Eco-champions Awards−AYECA လျှောက်ထားရန်ရက် တိုးမြှင့်သတ်မှတ်ခြင်း


Ministry of Natural Resources & Environmental Conservation/ location / July 22, 2019


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် (၁၅) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (15th ASEAN Ministerial Meeting on Environment-AMME) နှင့် တစ်ဆက်တည်း ကျင်းပပြုလုပ်မည့် ASEAN Environment Day-2019 အခမ်းအနားတွင် ပထမအကြိမ် အာဆီယံလူငယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးချန်ပီယံဆု (1st ASEAN Youth Eco-champions Awards−AYECA) ချီးမြှင့်ခြင်း အခမ်း အနားကျင်းပပြုလုပ်မည်ဖြစ်ပါ၍  ASEAN Youth Eco-champions Awards−AYECA လျှောက်ထား လိုသူ  မြန်မာနိုင်ငံအတွင်းရှိ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်နေသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ လူငယ်များအနေဖြင့် environment.asean.org/ayeca-2019 သို့ ဝင်ရောက်၍ online စနစ်ဖြင့် ၁၅−၇−၂၀၁၉ ရက်နေ့ နောက်ဆုံးလျှောက်ထားရန်​​ ကြေငြာခဲ့ပြီး ဖြစ်သော်လည်း ထပ်မံလျှောက်ထားလိုသူများရှိပါက  ၅-၈-၂၀၁၉ ရက်နေ့အထိ  လျှောက်ထားနိုင် ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန website ဖြစ် သော www.ecd.gov.mm နှင့် Facebook Page Environmental Conservation Department-ECD တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေး အပ်ပါသည်။