Basic Social Work Skills Development သင်တန်းဖွင့်ပွဲ ကျင်းပ


Ministry of Social Welfare, Relief & Resettlement/ နေပြည်တော် / January 22, 2024
image


Basic Social Work Skills Development သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် Basic Social Work Skills Development သင်တန်းကို ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန်၊ လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားတို့ကို သိရှိနားလည်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့ဖြစ်ပါကြောင်း၊ လူတစ်ဦး မွေးဖွားသည့် အချိန်မှစပြီး အသက်အရွယ်ကြီးရင့်သည့်အချိန်အထိ လူသားများကြုံတွေ့ရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခက်အခဲများ၊ လူမှုရေးဆိုင်ရာ ပြဿနာရပ်များ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ပဋိပက္ခများ၏ နောက်ဆက်တွဲဆိုးကျိုးများလျော့ချနိုင်ရေး၊ ထိခိုက်လွယ် အခြေအနေကို ရင်ဆိုင်နေရသူများအနေဖြင့့်် ခွဲခြားဆက်ဆံမှု၊ လျစ်လျူရှုမှု၊ အလွဲသုံးစားမှု၊ ဘေးဖယ်ခံထားရမှု၊ ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ မရရှိနိုင်ခြင်းတို့အတွက် ကူညီဖြည့် ဆည်းဆောင်ရွက်ပေးရသော ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များသည် အဓိကအားဖြင့် လူမှုရေး ပညာရပ်နှင့် ဆက်စပ်နေသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ လူမှုရေးပညာရပ်သည် ကူညီစောင့်ရှောက် ပေးရသော အတတ်ပညာတစ်ရပ် (Helping People Helping Themselves)ဟု သတ်မှတ်နိုင် ပါကြောင်း၊ လူမှုရေးလုပ်ငန်း၏ အခြေခံကျသော လုပ်ငန်းစဉ်သည် ယေဘုယျအားဖြင့် ထိခိုက်လွယ် အခြေအနေတို့ကို ရင်ဆိုင်နေရသူများ၊ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရသူများနှင့် ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရသူတို့အတွက် ကောင်းကျိုးစီးပွား တိုးတက်လာစေရန်နှင့် အခြေခံလိုအပ်ချက်တို့ကို ရရှိနိုင်ရန် ကူညီဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့သင်တန်းတွင် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများ၏ အခန်းကဏ္ဍ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူများ ကျင့်သုံးဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လိုက်နာရန်လိုအပ်သော ကျင့်ဝတ်စည်းမျဉ်းများ၊ လူတစ်ဦးချင်း၊ အဖွဲ့လိုက်နှင့် ရပ်ရွာအတွင်းကူညီဆောင်ရွက်ပေးရမည့် နည်းလမ်းများအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ မသန်စွမ်းမှုဆိုင်ရာ လူမှုရေးနည်းလမ်းအရ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းအစီအစဉ်များ နှင့်သက်ဆိုင်သည့် သင်ခန်းစာတို့ကို ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သည့် အရာထမ်း၊ အမှုထမ်းများ နေဖြင့် ယနေ့သင်တန်းတွင် ပို့ချမည့် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံအကြောင်း အရာတို့ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူရန်အပြင် လက်တွေ့လေ့ကျင့်ရန်နှင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့သင်တန်းတွင် လူမှုရေး နည်းလမ်းအရ ကူညီဆောင်ရွက်ပေးသော လုပ်ငန်းအစီအစဉ် များ နှင့်သက်ဆိုင်သည့် သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ၂၂.၂.၂၀၂၂၃ ရက်မှ ၂၄.၂.၂၀၂၃ ရက်အထိ (၃) ရက်တာ ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။