COVID-19 ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ
COVID-19 ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ
Ministry of Information/ Naypyitaw / May 15, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်ကောင်စီ
အမိန့်အမှတ်(၅၁/၂၀၂၀)
၁၃၈၂ ခု၊ ကဆုန်လပြည့်ကျော် ၈ ရက်
၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ
၁။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူများအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ် ရမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်းမပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီ၏ (၂၆-၄-၂၀၂၀) ရက်စွဲပါ အမိန့်အမှတ်(၄၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားသော အမိန့်ကြေညာစာသည် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ရာ ဤအမိန့်ကြေညာချက်အား ထုတ်ပြန်သည့်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မေလ (၃၁) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဒေါက်တာမျိုးအောင်
ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ