ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Latest News

Ministry of Information / Posted on July 03, 2025
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


Ministry of Information / Posted on July 03, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၃၀ ရက်တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးသည့် နောက်ပိုင်းအဆောက်အအုံများ ပြန်လည်ပြုပြင်မှုများ၊ ပညာသင်နှစ်အလိုက် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ခန်းများ၊ ဌာနခန်းများ၊ ကွန်ပျူတာခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို ဒုတိယပါမောက္ခချုပ်က ရှင်းလင်းတင်ပြမှုအပေါ် သင်ကြားသင်ယူမှုများစနစ်တကျရှိစေရေး အမှန်တကယ်တတ်မြောက်သည်အထိ သင်ကြားနိုင်ရေး ရေရှည်မျှော်မှန်းချက်ထား ဆောင်ရွက်ရန် မှာကြားသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Ministry of Information/ Naypyitaw / July 02, 2025

၁။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ် (၄၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၆-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့် နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။